စကားအရာ သိပ်အရေးပါ
ဒေစီက အခုတစ်လော
စာတွေကို
အချိန်လေးပေးပြီးဖတ်မိနေလို့
ဖတ်ထားတဲ့အကြောင်းအရာလေးကနေ
ယူတို့ကိုနည်းနည်းလေး
ဝေမျှပေးချင်ပါတယ်။
ဒေစီတို့ နေထိုင်တဲ့
ပုံမှန်ပတ်ဝန်းကျင်
အသိုင်းအဝိုင်းမှာ
နေ့စဉ်နဲ့အမျှလုပ်ရတာကတော့
စကားပြောတာပါပဲ။
ဒါ့ကြောင့် စကားအရာဟာ
သိပ်အရေးပါလှပါတယ်။
စကားတစ်ခွန်းကို
ပြောတော့မယ်ဆိုလိုက်တိုင်း
၁။ ကိုယ့်ဖက် သူ့ဖက် ထိခိုက်မှုမရှိတဲ့
စကားလုံးတွေကို
ရွေးချယ်ပြီးပြောသင့်ပါတယ်။
သူတစ်ပါးကို
ထိခိုက်နစ်နာစေလိုတဲ့
စကားလုံးတွေကို
ရွေးချယ်ပြီးပြောမယ်ဆို
ကိုယ့်အတွက်လည်း အကျိုးမရှိတဲ့အပြင်
သူတစ်ပါးလည်း
စိတ်ထိခိုက်ရပါတယ်။
၂။ မိမိပြောလိုက်တဲ့ စကားကို
တာဝန်ယူနိုင်မှပြောပါ။
ကတိမတည်
တာဝန်မယူနိုင်ဘဲ
ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်
အချင်းချင်းယုံကြည်မှုတွေ
ပျက်ပြားစေမဲ့အပြင်
ကိုယ်တိုင်သိက္ခာကျရုံကလွဲပြီး
ဘာမှ အကျိုးမထူးပါဘူး။
၃။ ဒီစကားတစ်ခွန်းကို
ဒီလူတစ်ယောက်ကိုပြောသင့်လား
ဒီကိစ္စကိုသူသိဖို့လိုလား
ကိုယ့်ကိုယ်ကိုယ်အရင်ပြန်မေးပါ။
ပြောဖို့မလို သိဖို့မလိုရင်
မပြောတာအကောင်းဆုံးပဲ။
၄။ နောက်ဆုံးတစ်ချက်က
ကိုယ်ပြောလိုက်တဲ့စကားတိုင်း
မှန်ကန်မှုရှိပါစေ။
မမှန်မကန်ပြောခဲ့လို့
နောက်ထပ်အငြင်းပွားဖွယ်
ကိစ္စတွေရှိခဲ့ရင်
မရှက်မရွံ့ မျက်နှာပြောင်တိုက်ပြီး
ဖြေရှင်းနိုင်မှာ
သေချာလား။
ကိုယ်ပြောမယ့်စကား
ဒီအချက် ၄ ချက်နဲ့
ကိုက်ညီရဲ့လား
စဉ်းစားပြီးမှ
စကားပြောသင့်ပါတယ်လို့
အားလုံးကို ဝေမျှရင်း . . .
ချစ်ခြင်းများစွာဖြင့်
Daisy