အသစ်သစ်တွေကို သင်ယူဖို့ကြောက်ရွံ့နေလား
လူရယ်လို့ဖြစ်လာရင်
လူတိုင်းဟာ
တိုးတတ်ချင်ကြသူတွေချည်းပါပဲ။
ကိုယ့်ရဲ့
စီးပွားရေး၊ လူမှုရေး၊
ကိုယ့်ရဲ့ အလုပ်
ကိုယ့်ရဲ့ ဘဝ စတာတွေကို
ပိုမိုတိုးတက်ကောင်းမွန်ချင်ရင်တော့
အသစ်အဆန်းတွေကို
မကြောက်မရွံ့
လေ့လာသင်ယူနိုင်ဖို့အထူးလို
ဒီအတိုင်းကြီးပဲ
သာမာန်အတိုင်းနေရင်တော့
သာမာန်ပဲဖြစ်မှာပဲ။
ထူးခြားတဲ့သူဖြစ်ချင်ရင်
ကိုယ်ကိုယ်တိုင်
နေ့စဉ်နဲ့အမျှအသစ်သစ်တွေကို
လေ့လာသင်ယူဖို့ လိုအပ်ပါတယ်။
တော်တော်များများက
အသစ်အဆန်းတွေကို
သင်ယူဖို့ သိပ်ကြောက်တာ
ဒီအတိုင်းလည်း
ရနေတာကို
ဒီလိုလုပ်လည်း အဆင်ပြေနေတာကို
တခြားဟာ ဘာလို့လုပ်မှာလဲ
မလုပ်ချင်ဘူး မသင်ချင်ဘူးနဲ့
ဖြစ်နေတတ်တယ်။
အသစ်ဆိုတာ
အဟောင်းရဲ့ အားနည်းချက်တွေကို
ပြုပြင်ဖာထေးထားတဲ့အတွက်
အားသာချက်
အနည်းနဲ့ အများတော့ရှိမှာပဲ။
မစမ်းကြည့်တော့ မသိဘူး။
မသိတော့ မတိုးတတ်ဘူးပေါ့။
အသစ်ဆိုတဲ့အတိုင်း
စလုပ်ကြည့်တဲ့အချိန်
အသားမကျတာတို့
အဆင်မပြေတာတို့
ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့
လုပ်ဖန်များရင်
လေ့ကျင့်ဖန်များရင်
အဆင်ချောသွားမှာပဲ။
လိုက်မလုပ်ရင်သာ
တစ်ယောက်တည်းနောက်မှာကျန်ခဲ့မှာ
ဒါ့ကြောင့်
ပြောချင်တာကတော့
မကြောက်ပါနဲ့
ကြောက်ရင်လွဲမယ်
ရဲမှ မင်းဖြစ်မယ် ဆိုတဲ့
စကားပုံလိုပဲပေါ့။
အသစ်တွေကို
မသင်ယူနိုင်သူဟာ
ရှင်ရက်နဲ့ သေ နေသလိုပါပဲ။
မိမိဘဝ ပိုမိုတိုးတက်ကောင်းမွန်ချင်ရင်တော့
အသစ်အဆန်းတွေကို
လေ့လာသင်ယူမှတ်သားဖို့
မကြောက်ကြပါနဲ့လို့
သတိချပ်ရင်း . . .
ချစ်ခြင်းများစွာဖြင့်
Daisy
Start writing here...