ခံစားချက်တို့ ရင်ဖွင့်ကြမယ်
ခံစားချက်တို့ရင်ဖွင့်ကြမယ်
ဒေစီက
ကိုယ်လုပ်နေတဲ့ အလုပ်တိုင်းကို
ချစ်မြတ်နိုးပြီး
တန်းဖိုးထားတက်တဲ့ သူတစ်ယောက်ပါ။ လုပ်နေတဲ့အလုပ်တိုင်းကိုလည်း
အဓိပ္ပါယ်ပြည့်ဝစွာနဲ့
ကိုယ့်အတွက်လည်းအကျိုးရှိ
သူတစ်ပါးအတွက်လည်း
အကျိုးရှိစေတဲ့ အရာတွေကိုပဲ
ရွေးချယ်ပြီးလုပ်တတ်ပါတယ်။
ဒေစီ ဒီစာရေးကိရိယာ ရောင်းတယ်ဆိုတာကလည်း
ကုသိုလ်လည်းရ
ဝမ်းလည်း၀ စေမဲ့
အလုပ်မျိုးဖြစ်လို့
အရမ်းကိုမှ ကြိုက်နှစ်သက်ပါတယ်။
စာရေးကိရိယာတွေဆိုတာ
ကျောင်းစတတ်တဲ့ အရွယ်ကစပြီး
အိုမင်းသွားတဲ့အထိ
ကိုယ့်ရဲ့ဘေးနားမှာ
ကောင်းမွန်တဲ့အဖော်အဖြစ်နဲ့
အတူတွဲပါလာတဲ့
ပစ္စည်းလေးဆိုလည်း မမှားပါဘူး။
မေမေက
လက်ကလေး သေးသေးလေးကို
ကိုင်ပေးပြီး
ဝလုံးလေးဝိုင်းဝိုင်းရေး ဆိုပြီး
သင်ပေးခဲ့တာတွေ၊
ဝလုံးလေးက ဝိုင်းသွားရင်
မေမေက တော်လိုက်တာဆိုတဲ့
ချီးကျူးသံလေးတွေကြားရင်
မနေတတ်အောင်ပျော်မိတယ်
ဒီလိုပျော်ရွှင်မှုလေးတွေရဖို့
သူတို့လေးတွေက
တစ်ထောင့်တစ်နေရာကနေ
အကူအညီပေးခဲ့တာပေါ့။
ပညာတတ်တစ်ယောက်ဖြစ်အောင်
အစကနေ အဆုံးထိ
အထောက်အပံ့ကောင်းကောင်းလေးပေးတဲ့ ပစ္စည်းလေးလည်းဖြစ်တယ်။
ပညာရေးအတွက်
အထောက်မကူဖြစ်ရုံသာမက
စဉ်းစားတွေးခေါ်မှုတွေကို မှန်ကန်အောင် ဆုံးဖြတ်ပေးတဲ့အရာလို့လည်း
သတ်မှတ်လို့ရတယ်။
အနုပညာရင့်သန်မှုတွေကို
ပေးစွမ်းနိုင်ပြီး
ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေ
ထွက်ပေါ်လာအောင်
နှိုးဆွပေးတဲ့
အရာလည်းဖြစ်ရုံသာမက
စိတ်အစဉ်ကို ထာဝစဉ်နုပျိုစေတဲ့
နူးညံ့မှုတွေကိုလည်းပေးစွမ်းနိုင်တဲ့ အတွက်
ဒီလိုမျိုးစာရေးကိရိယာရောင်းရတဲ့အလုပ်ကို
ဒေစီဖြင့်
ကြိုက်လွန်းလို့ကို မဆုံးနိုင်ဘူး။
ယူတိုကရော
ယူတို့ရဲ့ အလုပ်လေးတွေကို
ကြိုက်နှစ်သက်စွာ အောင်အောင်မြင်မြင်
လုပ်ဆောင်နိုင်ကြပါစေလို့
ဆုတောင်းရင်း .....
ချစ်ခြင်းများစွာဖြင့်
Daisy