စိတ်ချမ်းသာ ကိုယ်ကျန်းမာအောင် နေထိုင်နည်း
စိတ်ချမ်းသာ ကိုယ်ကျန်းမာအောင် နေထိုင်နည်း
ဒေစီတို့ရဲ့ လူနေမှုဘဝမှာယေဘုယျအားဖြင့်
ခန္ဓာကိုယ်အတွက်ရော စိတ်အစဉ်အတွက်ပါ
အရေးကြီးဆုံးက ဘာများဖြစ်မယ်ထင်ပါသလဲ။
ဒေစီက ရှည်ရှည်ဝေးဝေး မပြောဘဲ
ကျန်းမာရေး ကသာ အရေးကြီးဆုံးလို့ ဖြေမှာပဲ။
ဒေစီတို့ ဘဝမှာ စိတ်ရော ကိုယ်ပါ ကျန်းမာမှ
ကိုယ်လုပ်ချင်တာတွေကို မဆိုင်းမတွ
လုပ်လို့ရပြီး လိုချင်တဲ့ပန်းတိုင်းကို
အချိန်မီရောက်နိုင်မှာပါ။
ခန္ဓာကိုယ်ကျန်းမာဖို့အတွက်က
အစားအသောက်နဲ့ အနေအထိုင်ကို
စနစ်ကျစွာ ကျန်းမာစွာ စားသောက်နေထိုင်ခြင်းဖြင့်
ထိန်းသိမ်းလို့ရပေမဲ့လို့
စိတ်နှလုံးကို ထာဝစဉ် ကျန်းမာ ဖို့အတွက်ကတော့
အစားအသောက်အနေအထိုင်ဆင်ခြင်ရုံနဲ့ မရပြန်ဘူး။
တစ်ခါတစ်ရံမှာ အကြောင်းအမျိုးမျိုးကြောင့်ဒေစီတို့
စိတ်တအားပင်ပန်းတဲ့အခါ
ဒေါသထွက်တဲ့အခါ
စိတ်ရှုပ်တဲ့အခါမှာ
ကိုယ့်ရဲ့စိတ်လေး ပြန်လည်အေးချမ်းဖို့အတွက်
ဘယ်အရာလေးတွေကိုသင်တို့လုပ်ဖြစ်ပါသလဲ။
ဒေစီကတော့အဲ့ဒီလို
စိတ်မချမ်းမသာဖြစ်တဲ့အခါမျိုးမှာ
စိတ်ထွက်ပေါက်ရဖို့ စာချည်းရေးတော့တာပဲ၊
ယူတို့တော့မသိဘူး
စာရေး စာဖတ်ခြင်းဟာ ဒေစီ့ကို အရမ်းစိတ်ချမ်းမြေ့စေပါတယ်။
အဲ့လိုလေးရေးပြီးရင်ဒေစီ့ရဲ့
ပေါက်ကွဲသံစဉ်လေးတွေကို သိမ်းထားတတ်တယ်။
မကြာမကြာလည်းပြန်ဖတ်တတ်တယ်။
အဲ့လိုပြန်ဖတ်တဲ့အချိန်မှာ အရမ်းကျေနပ်တယ်