နေ့စဉ်ဘဝနေထိုင်မှုကို ဘယ်လိုဖြတ်သန်းမလဲ
နေ့စဉ်ဘဝနေထိုင်မှုကို ဘယ်လိုဖြတ်သန်းသလဲ
ဒေစီကတော့ Plan လေးဆွဲပြီး
နေ့စဉ်ဘဝကို ရိုးရှင်းစွာဖြတ်သန်းပါတယ်။
အလုပ်တအားများကလွဲရင်
ဒေစီ့ဘဝနေထိုင်မှုလေးက
အရမ်းရိုးစင်းပါတယ်။
ဒါပေမဲ့
ဒေစီ Planning လေးလုပ်ပြီး
နေ့စဉ်ဘဝကို
စမတ်ကျကျလေးတော့
ဖြတ်သန်းဖြစ်တယ်။
ဒေစီတို့ Planning မလုပ်ဘူးဆိုရင်
ချက်ချင်းကြီး ဒီအတိုင်းဆိုမသိသာပေမဲ့
အချိန်ကြာလာတာနဲ့အမျှ
Planning လုပ်ပြီးနေ့စဉ်ဘဝကို
ဖြတ်သန်းတဲ့အချိန်နဲ့
မဖြတ်သန်းခဲ့တဲ့အချိန်
ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ရင်
တော်တော်လေးကွာသွားတာ တွေ့ရတယ်။
အရင်ကဆို Planning မလုပ်ဘဲ
ပေါ့ပေါ့ပါးပါးလေးပဲဖြတ်သန်းတော့
နေရတာ အဆင်ပြေသလိုလိုတော့ရှိပေမဲ့
ကြာလာတော့ ဖရိုဖရဲလေးတွေဖြစ်လာတယ်၊
မေ့တတ်လာတယ်၊
တစ်ဖန် ပေါ့ဆတာပါ နောက်ကပါလာတယ်၊
လူမှုရေးတွေလစ်ဟင်းပြန်တယ်။
တစ်နေကုန်အလုပ်လုပ်တယ်
တစ်နေ့သာပြီးသွားတယ် ဘာလုပ်လိုက်မှန်းမသိ၊
မနက်ဖြန်ရောက်လို့ တစ်နေ့တာကို
ဘယ်အလုပ်ကစပြီးလုပ်ရမှန်းမသိဖြစ်လာတယ်။
အနှစ်ချုပ်ကြည့်တော့
တစ်နှစ်လုံးမှာ ငါဘာကောင်းမှုတွေလုပ်ခဲ့တယ်၊
ဘယ်စာအုပ်တွေဖတ်ခဲ့တယ်၊
ဘယ်သူတွေနဲ့တွေ့ခဲ့တယ်၊
ဘယ်အလုပ်ကတော့အောင်မြင်စွာနဲ့
ပြီးဆုံးခဲ့ပြီး
ဘယ်အလုပ်က အဆုံးသတ်မလှခဲ့လဲ
ဒါတွေမသိခဲ့ဘူး
မသိခဲ့တော့
သင်ခန်းစာယူစရာမရှိဘူး၊
သင်ခန်းစာယူစရာမရှိတော့
ပညာမရဘူး။
ဒီလိုနဲ့
ဟုတ်တိပတ်တိ ရေရေရာရာမသိတော့
ကိုယ့်ကိုယ့်ကိုအားမရဘူး၊
အားမရတော့ ကျေနပ်ပျော်ရွှင်ခြင်းမရှိပြန်ဘူး။
Planning မလုပ်ဘဲနေထိုင်ခြင်းက
ဒေစီ့ဘဝကို ဒီလောက်ထိဂရက်ရိုက်မယ်လို့
မထင်ခဲ့ဘူး။
အဲ့လိုနဲ့ပြန်သုံးသပ်တော့
ငါ Planning ကောင်းကောင်းလုပ်မှ
ဖြစ်မယ်ဆိုတဲ့အဖြေထွက်လာတယ်။
အဖြေထွက်တဲ့နေ့ကစလို့ ယနေ့အထိ
တစ်ရက်မပျက် Planning လုပ်ခဲ့လို့
အခုဆိုရင်
ကိုယ့်ကိုယ်ကို ကျေနပ်အားရသော ဒေစီ၊
ပျော်ရွှင်သော ဒေစီ၊
လူမှုရေးကောင်းသော ဒေစီဖြစ်နေပါပြီးနော်။
အလုပ်ခွင်ဝင်တာနဲ့
ကိုယ့် Planning Book လေးကိုလှန်ကြည့်ပြီး
လုပ်စရာရှိတာတွေ တန်းစီလုပ်တော့တာပဲ
အဲ့တော့ အလုပ်မြန်မြန်ပြီးတယ်
အလုပ်ကြွေးမကျန်ဘူး။
နောက်နေ့လုပ်ရမဲ့အရာတွေကို
ကြိုတင်မှတ်ထားတော့
နောက်နေ့ဘာလုပ်ရမလဲ
ဘာအလုပ်ရှိလဲ တန်းသိတော့
ခေါင်းမကိုက်တော့ဘူးပေါ့။
ထပ်ရေးရင်တော့ ကောင်းတဲ့အချက်တွေ
အများကြီးကျန်တာပေါ့နော်။
ဒါပေမဲ့
ဒီလောက်နဲ့ အဆုံးသတ်လိုက်ပါရစေနော်။
များသွားရင်ဖတ်ရတာ ပျင်းသွားစိုးလို့ပါ။
ချစ်ခြင်းများစွာဖြင့်
Daisy